back

မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် တရားသူကြီးနှင့် တရားရေးအရာရှိ ၈၇၇ ဦးတို့ ပါဝင်တက်ရောက်ခဲ့

Feb 23 • 6:26 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် တရားသူကြီးနှင့် တရားရေးအရာရှိ ၈၇၇ ဦးတို့ ပါဝင်တက်ရောက်ခဲ့

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ ၄.၈ အရ မူပိုင်ခွင့် မှုခင်းများအား စစ်ဆေးစီရင်မည့် တရားသူကြီးနှင့် တ...

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ ၄.၈ အရ မူပိုင်ခွင့် မှုခင်းများအား စစ်ဆေးစီရင်မည့် တရားသူကြီးနှင့် တရားရေးအရာရှိများကို မူပိုင်ခွင့်ဆိုင်ရာ အသိပညာများ ဖြန့်ဝေပို့ချပေးရန်၊ မဟာဗျူဟာ ၆ အရ မူပိုင်ခွင့်ချိုးဖောက်မှုများကို တားဆီး ကာကွယ်နိုင်စေခြင်းငှာ သက်ဆိုင်ရာတရားသူကြီးများကို လေ့ကျင့်သင်ကြားပေးရန်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မဟာဗျူဟာရည်မှန်းချက် ၅.၂ ပါ မူပိုင်ခွင့်ဥပဒေများနှင့် စပ်လျဉ်းသည့် အသိပညာပေးအစီအစဉ်များဆောင်ရွက်ရန် ရည်ရွယ်၍ မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Awareness Seminar for the Enforcement of Intellectual Property Rights)ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ပူးတွဲစနစ် (In-person/Virtual) ဖြင့် ကျင်းပရာ တရားသူကြီးနှင့် တရားရေးအရာရှိ ၈၇၇ ဦးတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

news-view-count-icon

27