ဖေဖော်ဝါရီလ ၂၀ ရက်ကရှမ်းပြည်နယ်၊တောင်ပိုင်းတောင်ကြီးမြို့တွင် အမျိုးသမီးတစ်ဦးမောင်းနှင်သည့် HIJET ကား လမ်းပေါ်ကားတစ်စီးတိုက်မိပြီးအရှိန်ပြင်းသည့်အတွက် ထက်အာကာဆိုင်ထဲ ထိုးဝင်သွားရာ ဆိုင်ရှင်ကိုတိုက်မိခဲ့ပါတယ်။အဆိုပါကားတိုက်မှုကြောင့် ဆိုင်ရှင် အမျိုးသမီး သေဆုံး ခဲ့ပါတယ်။ကားတိုက်ခံရသော ဆိုင်ရှင်အမျိုးသမီးသည် ဖေဖော်ဝါရီလ ၂၂ ရက် မနက်ပိုင်းတွင် ဆုံးပါးခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူ ထံမှသိရပါတယ်။ထိုယာဉ်မောင်းအမျိုးသမီးသည် ELITE ယာဉ်လိုင်းဂိတ်မှစာရေးမအမျိုးသမီးဖြစ်ပြီး HIJET ကားဖြင့် ကားတစီးကိုအရင်တိုက်ပြီးနောက်ပြန်လိမ့်ကာ ဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်ရှင် အမျိုး သမီးကို တိုက်မိခြင်း ဖြစ်ပါတယ်။ဆိုင်တွင် စားသုံးသူ သားအမိကိုလည်း တိုက်မိကာ ကလေးဖြစ်သူမှာ ပွန်းပဲ့ဒဏ်ရာရပြီး လူကြီးဖြစ်သူမှာ အခြေအနေ စိုးရိမ်ရဖွယ်ရှိကာ ယာဥ်မောင်းအမျိုးသမီးကို လက်ရှိတွင်ဖမ်းဆီးထိန်းသိမ်းထားပါတယ်။



