ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျင်းပသော ယာဥ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို မြို့အနောက်(ခ) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး ယာဥ်လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများကို လက်တွေ့ သရုပ်ပြခဲ့ရာ ကျောင်းသား/ကျောင်းသူ (၆၀)ဦး ထိတက်ရောက်ခဲ့ပါတယ်။



