back

မြန်မာနိုင်ငံအတွင်း ခုခံအားကျဆင်းမှုကူးစက်ရောဂါHIV (AIDS)နှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်ကုသလျက်ရှိ

Feb 23 • 4:45 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံအတွင်း ခုခံအားကျဆင်းမှုကူးစက်ရောဂါHIV (AIDS)နှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်ကုသလျက်ရှိ

မြန်မာနိုင်ငံတွင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အနေဖြင့် ကာကွယ်၊ ကုသရေးလုပ်ငန်းများကို စီမံချက်ထား ဆောင်ရွက်နေခြင်းကြောင့် ...

မြန်မာနိုင်ငံတွင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အနေဖြင့် ကာကွယ်၊ ကုသရေးလုပ်ငန်းများကို စီမံချက်ထား ဆောင်ရွက်နေခြင်းကြောင့် ဦးတည်အုပ်စုများအကြားကာလသားရောဂါ (Syphilis) ဖြစ်ပွားမှုနှုန်းသည် ၂၀၀၇ မှ ၂၀၂၀ ပြည့်နှစ်အတွင်း သိသာစွာ ကျဆင်းလာခဲ့သည်။မြန်မာနိုင်ငံအတွင်း ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၃ ခုနှစ်တွင်၁၅-၄၉ နှစ်အရွယ်ရှိသူများအနက် HIV ကူးစက်ခံရမှုနှုန်းသည် ၀ ဒသမ ၆၇ ရာခိုင်နှုန်းရှိပြီး HIV ပိုးရှိ ရှင်သန်သူမှာ ၂၈၃,၀၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၄ ခုနှစ် ကုန်အထိရရှိသော စာရင်းဇယားများအရ မြန်မာနိုင်ငံအတွင်း (HIV/AIDS) ရောဂါသည်အားလုံး၏ ၇၆ ရာခိုင်နှုန်းကို Lifelong ART (အေအာရ်တီဆေး)ဖြင့် ကုသပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ HIV ပိုးရှိ ကိုယ်ဝန်ဆောင်မိခင်မှ မိမိရင်သွေးသို့ ရောဂါပိုးကူးစက်မှုကာကွယ်ခြင်း (Prevention of Vertical Transmission-PMTCT) လုပ်ငန်းသည်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၈၅ ရာခိုင်နှုန်းအထိ လွှမ်းခြုံမှုပေးထားနိုင်ပြီဖြစ်ပါသည်။ရောဂါပိုးအသစ် ကူးစက်ခံရမှုနှင့် ဖြစ်ပွားမှုနှုန်းကျဆင်းလာမှုတို့တွင် “Biomedical, Structural နှင့် Behavioral Intervention များပါဝင်သည့် ပေါင်းစပ်ကာကွယ်ရေးအစီအစဉ် (Combination Prevention Programme)များ ဆောင်ရွက်လျက်ရှိပါတယ်။


news-view-count-icon

39