ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အရှေ့ရပ်ကွက်၊ ခနောင်တိုချောင်းအတွင်းယနေ့နံနက် ၉ နာရီအချိန်ခန့်က သင်္ဘော(၁)စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်စခန်းနှင့် ဒလမြို့နယ် မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ အပေါ့စားစက်(၄)လုံးဖြင့် မီးငြှိမ်းသတ်ခဲကြောင်း သိရသည်။နံနက် ၁၁ နာရီအချိန်ခန့်တွင်း မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် သင်္ဘောတစ်စီးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများမှ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။



