ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မလေးရှား အာဏာပိုင်များက မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်ရှိ ကလန်းမဲရူးဈေးကြီးကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး အော်ပရာစီ အဖမ်းအဆီးတွင် အထောက်အထား မပြည့်စုံသူ ၆၃၀ ဦး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် အင်ဒိုနီးရှား ၉ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈၅ ဦး၊ အိန္ဒိယ ၅ ဦး၊ နီပေါ ၁ ဦးနှင့် မြန်မာ ၅၃၀ ဦး ပါဝင်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူ စုစုပေါင်း ၆၂၈ ဦးတွင် အသက် ၁၇ နှစ်မှ ၅၇ နှစ် အကြား အမျိုးသားနှင့် အမျိုးသမီး များ ပါဝင်ပါသည်။ ဖမ်းဆီးခံရသူများကို မလေးရှား လဝက ဥပဒေနှင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးကို ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ပါသည်။



