back

ဒိုင်လူကြီးများကို အခုထက်ကာကွယ်မှုပိုပေးရန် ဖလစ်ခ်တောင်းဆို

Feb 22 • 4:37 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဒိုင်လူကြီးများကို အခုထက်ကာကွယ်မှုပိုပေးရန် ဖလစ်ခ်တောင်းဆို

စပိန်၌ ဒိုင်လူကြီးများရင်ဆိုင်နေရသည့် အခြေအနေများမှာ မယုံကြည်နိုင်စရာကောင်းသလို စပိန်ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ဒိုင်လူကြီးတွေအပေါ် အခုထက် ပိုကာကွယ်ပေးပြီး ဘယ်လော...

စပိန်၌ ဒိုင်လူကြီးများရင်ဆိုင်နေရသည့် အခြေအနေများမှာ မယုံကြည်နိုင်စရာကောင်းသလို စပိန်ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ဒိုင်လူကြီးတွေအပေါ် အခုထက် ပိုကာကွယ်ပေးပြီး ဘယ်လောက်သန်မာတယ်ဆိုတာကိုပြသဖို့ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် မွန်တီရိုက သူ့ဆီကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ များစွာ ရောက်ရှိလာခဲ့တာကြောင့် အိမ်ထဲက အိမ်ပြင်တောင်မထွက်ရဲသလောက် ဖြစ်နေတယ်လို့ ဖွင့်ဟထားခဲ့တာပါ။ ဒါ့ကြောင့် ဖလစ်ခ်က ဒိုင်လူကြီးတွေအပေါ် အခုထက် ကာကွယ်မှုလိုအပ်တယ်လို့ ပြောသွားခဲ့ပါသည်။


news-view-count-icon

19