back

Apple သည် iPhone 16e အသစ်ကို အိန္ဒိယတွင် ထုတ်လုပ်မည်

Feb 22 • 2:33 PM

breaking-news

မြန်မာ

ပြည်ပ

cover

Apple သည် iPhone 16e အသစ်ကို အိန္ဒိယတွင် ထုတ်လုပ်မည်

Apple သည် တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းမှုအနေဖြင့် iPhone 16e အသစ်ကို အိန္ဒိယတွင် ထုတ်လုပ်မည် ဖြစ်သည်။ Apple သည် ဈေးမကြီးသည့် စမတ်ဖ...

Apple သည် တရုတ်နိုင်ငံအပေါ် မှီခို

အားထားမှုကို လျှော့ချရန် ကြိုးပမ်းမှုအနေဖြင့် iPhone 16e အသစ်ကို အိန္ဒိယတွင် ထုတ်လုပ်မည် ဖြစ်သည်။ Apple သည် ဈေးမကြီးသည့် စမတ်ဖုန်းမော်ဒယ် iPhone 16e ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကြေညာခဲ့သည်။ ထို့ရက်မှာပင် Economic Times က iPhone 16e ကို အိန္ဒိယတွင် ထုတ်လုပ်မည်ဟု သတင်းဖော်ပြခဲ့သည်။ သို့ဖြစ်ရာ iPhone 16 စီးရီးမှ မော်ဒယ် ၅ မျိုးစလုံးကို အိန္ဒိယတွင် ထုတ်လုပ်မည် ဖြစ်သည်။ Apple iPhone ထုတ်လုပ်မှု စုစုပေါင်း၏ ၁၅% ကို အိန္ဒိယတွင် ထုတ်လုပ်လျက်ရှိသည်ကို ၂၅% အထိ တိုးရန် ရည်မှန်းထားသော်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ထုတ်လုပ်သည့်နှုန်း နှေးခြင်းတို့ကို ရင်ဆိုင်နေရသည်။


news-view-count-icon

40