ဂျာမနီနိုင်ငံတွင် ရွေးကောက်ပွဲများပြုလုပ်ရန် သုံးရက်သာ လိုတော့ချိန်၌ မဲဆန္ဒရှင်များက နိုင်ငံရေးပါတီများ၏ မူဝါဒများကို နားစွင့်နေကြသည်။ ဂျာမနီဝန်ကြီးချုပ် နေရာအတွက် ကိုယ်စားလှယ်လောင်းများဖြစ်သည့် FDP ပါတီမှ ခရစ္စတီယန် လင်နာ (Christian Lindne) ၊ AFD ပါတီမှ အလိုက်စ် ဝိုင်ဒယ် (Alice Weidel) ၊ BSW ပါတီမှ ဆာရာ ဝါဂန်နက်ချ် (Sahra Wagenknecht) နှင့် Left Party မှ ဂျန်ဗန်အကန် (Jan van Aken) တို့သည် ဖေဖော်ဝါရီ ၂၀ ရက်က Christian Democratic Union CDU ပါတီ၊ Christian Social Union CSU ပါတီ၊ Social Democrats SPD ပါတီနှင့် Green Party ပါတီတို့မှ ထိပ်သီးအရာရှိများနှင့်အတူ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ လက်ရှိအချိန်အထိ လက်ယာယိမ်း အတိုက်အခံပါတီများက စစ်တမ်းများတွင် ဦးဆောင်နေပြီး CDU က ထောက်ခံ မှုနှုန်း ၃၀ ရာခိုင်နှုန်း၊ AFD ပါတီက ၂၀ ရာခိုင်နှုန်း ရရှိထားသည်။



