စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ဖေဖော်ဝါရီလ (၂၀)ရက် နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ထောက်ပံ့ချီးမြှင့်ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် လူဦးရေ(၂၃၄) ဦး အတွက် ချီးမြှင့်ငွေကျပ် (၄,၆၈၀,၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။



