ဗီယက်နမ်နိုင်ငံ မှ မော်တော်ယာဥ်လုပ်ငန်းကဏ္ဍသည် နိုင်ငံတကာဈေးကွက်များသို့ ချဲ့ထွင်ရန် ပိုမိုအာရုံစိုက်လာနေပြီး ပြည်တွင်း ကားထုတ်လုပ်သူများသည် ပြည်တွင်း ရောင်းချခြင်းအပြင် ပြည်ပတင်ပို့မှု ကြီးထွားရေးကိုလည်း ဦးတည်ချက် ထားရှိကြသည်။ ဗီယက်နမ်မှ ကားထုတ်လုပ်သည့် ကုမ္ပဏီ Thaco က နိုင်ငံတကာသို့့ တင်ပို့ခြင်းဖြင့် ၂၀၂၅ ခုနှစ်ကို အောင်မြင်စွာ စတင်နိုင်ခဲ့သည်။ Thaco သည် အရှေ့အလယ်ပိုင်းဒေသသို့ Kia Frontier K2500 ထရပ်ကား အစီး ၂၀၀ တင်ပို့ခဲ့သည်။ ၎င်းမော်တော်ယာဉ်အမျိုးမျိုး အားလုံးကို ဗီယက်နမ်အလယ်ပိုင်း Quang Nam ပြည်နယ်ရှိ THACO Chu Lai Industrial Park တွင် ထုတ်လုပ်သည်။ ဗီယက်နမ်မှ အီးဗီထုတ်လုပ်သည့် VinFast သည် ယာစတီယာရင် VF3 မော်ဒယ်များကို အင်ဒိုနီးရှားသို့ တင်ပို့ခဲ့သည်။



