ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ထိုင်းဘက်မှ လူသုံးစွဲများသည့် AIS ဆင်းကဒ် အင်တာနက်လိုင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ထိုင်းနိုင်ငံဘက်မှ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကို အင်တာနက်လိုင်း စတင်ဖြတ်တောက်လိုက်ပါတယ်။အလားတူ truemove နှင့် dtac ဆင်းကဒ် အင်တာနက်လိုင်းများကိုလည်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထပ်မံဖြတ်တောက်သွားမည်ဖြစ်ကာကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း သံသယဖြင့် ထိုင်းဘက်က ဘုရားသုံးဆူမြို့ကို လျှပ်စစ်မီး၊ လောင်စာဆီ ဖြတ်တောက်ခဲ့ပြီး ယခုတွင် ထပ်မံ၍ အင်တာနက်လိုင်းများကိုပါ ဖြတ်တောက်ခဲ့ခြင်းဖြစ်ပါတယ်။
Feb 22 • 8:17 AM
မြန်မာ
ကရင်
မျှဝေမည်
| 31 | 0 | 0 | 0 |


