မင်းသမီးချောဝတ်မှုန်ရွှေရည်ရဲ့ ပထမဆုံးသော စီးရီးဖြစ်သလိုသရုပ်ဆောင်များဖြစ်တဲ့ အေးချမ်းမောင်၊ ဟင်နရီစံ၊ ခီရာတို့လို မင်းသား အများအပြား ပါဝင်သွားမယ့် " နတ်သမီး နက္ခတ် စီးရီး"trailer ထွက်ရှိလာခဲ့ပါတယ်။ထွေလာမှာတင် အေးချမ်းမောင်နဲ့ ဟင်နရီစံတို့ရဲ့ အနု အကြမ်း ကာရိုက်တာတွေကြောင့် ပရိသတ်များကြားအတော်လေး စိတ်ဝင်စားခံနေရပါတယ်။W Entertainment မှစီစဥ်ထုတ်လုပ်ရိုက်ကူးထားတဲ့ "နတ်သမီးနက္ခတ် (Venus'Luck)ဇာတ်လမ်းတွဲသစ်ကြီးကိုဖေဖော်ဝါရီလ 25 ရက်နေ့ ကစပြီး အပတ်စဉ် (အင်္ဂါ၊ ဗုဒ္ဓဟူး) နေ့တိုင်း bebee TV မှာ ပြသတော့မှာဘဲဖြစ်ပါတယ်။



