back

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ဘန့်ဖယို့မြို့နယ်၊ အမှတ် (၉) ၊ ဘန့်ဖယို့ကျေး ရွာအနီးမှာကာရာအိုကေဆိုင်မှာ အလုပ်လုပ်တဲ့ ထိုင်းအမျိုးသမီးတစ်ဦးကိုသတ်ပြီး ချုံထဲ စွန့်ပစ်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

Feb 22 • 5:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ဘန့်ဖယို့မြို့နယ်၊ အမှတ် (၉) ၊ ဘန့်ဖယို့ကျေး ရွာအနီးမှာကာရာအိုကေဆိုင်မှာ အလုပ်လုပ်တဲ့ ထိုင်းအမျိုးသမီးတစ်ဦးကိုသတ်ပြီး ချုံထဲ စွန့်ပစ်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းကထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ဘန့်ဖယို့မြို့နယ်၊ အမှတ် (၉) ၊ ဘန့်ဖယို့ကျေး ရွာအနီးမှာ မြန်မာနိုင်ငံသားတစ်ဦးက ကာရာအိုကေဆိုင်တစ်ခုမှ...

ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းကထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ဘန့်ဖယို့မြို့နယ်၊ အမှတ် (၉) ၊ ဘန့်ဖယို့ကျေး ရွာအနီးမှာ မြန်မာနိုင်ငံသားတစ်ဦးက ကာရာအိုကေဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်သတ်ပြီး ချုံထဲမှာ စွန့်ပစ်ထားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာ အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား အောင်ဇင်မျိုးဆိုသူဟာထိုင်းကာရာအိုကေဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ အသက် ၄၄ နှစ် အရွယ်ရှိ ထိုင်းအမျိုးတစ်ဦးကို ပျော်ပါးဖို့ ဘတ် ၁၅၀၀ နဲ့ငှားရမ်းပြီး ဟိုတယ်တစ်ခုကို ခေါ်ဆောင်သွားကာ ပျော်ပါးပြီးနောက် အဆိုပါ ထိုင်းအမျိုးသမီးကို နေအိမ်ပြန်ပို့တဲ့အချိန် လမ်းခုလတ်မှာ သတ်ပြီး ချုံထဲမှာ စွန့်ပစ်ထားခဲ့တာဖြစ်ကာ

"ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက အခင်းဖြစ်တဲ့ နေရာအနီးမှာ ဆိုင်ကယ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမည်မသိ အမျိုးသားတစ်ဦး အခင်း ဖြစ်နေရာအနီးမှာ လဲကျနေတာကို မြင်တွေရလို့ ဆိုင်ကယ်တက္ကစီ‌ မောင်းသူတစ်ဦးက ကယ်ဆယ်ရေးအဖွဲ့ဆီကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိသွားတဲ့အခါ အခင်းဖြစ်တဲ့ နေရာအနီးမှာ အမျိုးသမီးတစ်ဦးရဲ့ အလောင်းကိုထပ်ပြီးတော့ တွေ့ရှိတဲ့အတွက် ရဲတပ်ဖွဲ့ကိုအကြောင်းကြားလို့ သွားပြီးစစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ ဆိုင်ကယ်မှောက်ပြီး လဲကျနေတဲ့ မသင်္ကာဖွယ်ရာ မြန်မာနိုင်ငံသားကို စစ်ဆေးရာမှာ လူသတ်မှုနဲ့ပတ်သက်ပြီး ဝန်ခံတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲမှူးကြီး ဝိချိုင်း ‌ဖဲ့ထယာလတ်က ပြောပါတယ်။လက်ရှိမှာ ပြစ်မှုကျူးလွန်သူ အသက် ၂၃ နှစ်အရွယ်ရှိ အောင်ဇင်မျိုးကို ဘန့်ဖယို့ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။



news-view-count-icon

26