ဖေဖော်ဝါရီ ၂၁ ရက်ည ၇ နာရီခွဲခန့်က
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် "ပြည့်လျှံအောင်"ရွှေဆိုင်ပိုင်ရှင်မိသားစုစီးလာသည့်ကားကိုတား၍ ရွှေနှင့်ငွေကျပ်သိန်း(၃၀)ကျော်အား ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ပါတယ်။
အစိမ်းရောင်ပြောက်ကျားဝတ်စုံဝတ်ဆင်ထားသည့် အမည်မသိအမျိုးသား(၅)ဦးမှ "ပြည့်လျှံအောင်"ရွှေဆိုင်ပိုင်ရှင်နှင့်မိသားစုဝင်များစီးနင်းလာသည့် အိမ်စီးကားကိုတား၍ကားပေါ်တက်လာပြီး ၎င်းတို့ထဲမှ အမျိုးသားတစ်ဦးကမောင်းကာ ရွှေဆိုင်ပိုင်ရှင်နှင့်မိသားစုဝင်များအား သေနတ်ဖြင့်ချိန်၍ မျက်လုံးများအားအဝတ်ဖြင့်စည်းပြီး ကားပေါ်တွင်ပါလာသည့် ရွှေထည်(၁၈) ကျပ်သားခန့်နှင့် ငွေကျပ်သိန်း(၃၀)ကျော်အား ဓားပြတိုက်ယူဆောင်သွားခဲ့ကြပါတယ်။



