back

ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းတွင် ရေဘေးကြောင့် ထိခိုက် ခံစားခဲ့ရသူများကို ငွေသားများထောက်ပံ့ကူညီခဲ့

Feb 22 • 3:54 AM

breaking-news

မြန်မာ

ဧရာ၀တီ

breaking-news
cover

ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းတွင် ရေဘေးကြောင့် ထိခိုက် ခံစားခဲ့ရသူများကို ငွေသားများထောက်ပံ့ကူညီခဲ့

ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အတွင်းဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွါးခဲ့သော ရေဘေးကြောင့် ထိခိုက်ခံစားခဲ့ရသေ...

ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အတွင်းဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွါးခဲ့သော ရေဘေးကြောင့် ထိခိုက်ခံစားခဲ့ရသော ရေဘေးသင့်အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေ ကျပ် ၄၀၀,၀၀၀/ နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၃၅၃) စုအတွက် စုစုပေါင်း ကျပ် (၁၄၁,၂၀၀,၀၀၀ ) ကို အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ကူညီပေးခဲ့ပါတယ်။မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)၏ ပံ့ပိုးကူညီမှုဖြင့် ငွေသားထောက်ပံ့ခြင်းဖြစ်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ကြက်ခြေနီဝန်ထမ်းများ၊ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များက ရပ်ရွာလူထုတို့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။



news-view-count-icon

25