back

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့အနီး အင်အား (၃.၃) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း တိုင်းထွာရရှိခဲ့

Feb 22 • 3:37 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့အနီး အင်အား (၃.၃) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း တိုင်းထွာရရှိခဲ့

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၄၈)မိနစ်၊ (၁၆)စက္ကန့် အချိန်မှာ ကျိုင်းတုံငလျင်စခန်းမှ အရှေ့ဘက် (၁၁) မိုင်ခန့်ကွာဝေးသော မြန်မာန...

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၄၈)မိနစ်၊ (၁၆)စက္ကန့် အချိန်မှာ ကျိုင်းတုံငလျင်စခန်းမှ အရှေ့ဘက် (၁၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့ဘက် (၁၀) မိုင်ခန့်အကွာ)မှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့အနီး အင်အား ရစ်(ခ်) တာစကေး(၃.၃) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲမှ အဆိုပါဖြစ်စဉ်ကိုနည်းပညာမြင့်စက်ဖြင့်တိုင်းထွာရရှိခဲ့ပါတယ်။၂၀၂၅ခုနှစ်စကနေစလို့ စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ် အပါအဝင်ဒေသအချို့မှာငလျင်ငယ်တွေလှုပ်ခတ်ခဲ့ပြီး ငလျင်ကြီးတွေလည်း တစ်ကျော့ပြန်လှုပ်ခတ်နိုင်လို့ သတိ‌ပြုနေထိုင်ကြဖို့ လည်းမိုး၊ဇလမှသတိပေးထားပါတယ်။



news-view-count-icon

22