ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာထိုင်း နိုင်ငံရဲ့ ပြည်တွင်း လုံခြုံရေး အေဂျင်စီ (ISOC) က နိုင်ငံခြားသားတွေ အနေများတဲ့ ဧရိယာတွေမှာ ပြဿနာ မဖြစ်အောင်နဲ့ ဒေသခံတွေ အနှောင့်အယှက် မဖြစ်အောင် အနီးကပ် စောင့်ကြည့်ဖို့ တစ်နိုင်ငံလုံးရှိ ပြည်နယ်နဲ့ ခရိုင် ရုံးခွဲ အားလုံးကိုညွှန်ကြားလိုက်ပါတယ်။ ရွှေ့ပြောင်း နိုင်ငံခြားသား ပြဿနာတွေကို ကြီးကြပ်ရတဲ့ ISOC ရဲ့ Second Operational Command ကနေ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်စေတဲ့အတွက် နိုင်ငံခြားသားနဲ့ ထိုင်း လူမျိုးတွေ ပြဿနာဖြစ်တာကို ကာကွယ်ဖို့ ISOC ရဲ့ ပြည်နယ်နဲ့ ခရိုင်ရုံးတွေကို ညွှန်ကြားထားပါတယ်။ ထိုင်း နိုင်ငံရဲ့ အကျိုးစီးပွား၊ လုံခြုံရေး၊ ဒေသတွင်း စီးပွားရေး၊ ရင်းနှီးမြှပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းကို ဦးစားပေးဖို့ ISOC အရာရှိတွေကို ပြောထားပါတယ်။ ဒါ့အပြင် ထိုင်း နဲ့ နိုင်ငံခြားသားတွေ ပြဿနာ မဖြစ်စေဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ပြုလုပ်မှာ ဖြစ်ပါတယ်။ 
Feb 22 • 2:56 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


