တေးရေးဆရာလည်းဖြစ် ကဗျာဆရာတစ်ဦးလည်းဖြစ်တဲ့ နိုင်မြန်မာ တေးသီချင်းဖန်တီးစဉ်ကသုံးခဲ့တဲ့ ဂစ်တာကို ဇနီးဖြစ်သူက ရန်ကုန်မြို့ သန်လျင်နေအိမ်မှာ ဂစ်တာနိုင်ဇော်ထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်၊ဂစ်တာနိုင်ဇော်က“တကယ်တော့ ကျွန်တော့်ကို ကိုနိုင်မြန်မာ မသေခင် နောက်ဆုံးအချိန်အထိ သုံးခဲ့တဲ့ဂစ်တာကို တန်ဖိုးထားထိန်းသိမ်းဖို့ ဇနီးဖြစ်သူ မနန်းဆမ်ဆာလွမ်က အပ်နှံဖို့အတွက် သန်လျင်အထိ သွားယူခဲ့တာပါ၊သူ့ဇနီးက ဇာတိဖြစ်တဲ့ ရှမ်းပြည်နယ်စပ်ပြန်မှာဆိုတော့ ဂစ်တာကို ယူသွားရင် လမ်းခရီးကလည်း ကြမ်းတော့ တန်ဖိုးထားတဲ့ အရာတစ်ခုပျက်စီးသွားမှာ၊ ကျိုးသွားမှာ စိုးရိမ်တယ်လေ၊သူယုံကြည်စိတ်ချရသူ လူတစ်ယောက်ဆီမှာ အပ်ခဲ့ချင်တာဆိုတော့ ကျွန်တော့်ကို ယုံကြည်စိတ်ချလို့ ထိန်းသိမ်းပေးထားပါပေါ့နော်လို့ဆိုပြီး တောင်းဆိုခဲ့ကြောင်းသိရပါတယ်။


