ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ဒေသမှာ စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့ဝင် မြီမိသားစုပိုင် ကျား ဖြန့် အွန် လိုင်းငွေလိမ်ဂိုဏ်း မှာ အလုပ်လုပ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို ရှင်ကျန်းပြည်နယ် ဝမ်ကျိုးမြို့ တရားရုံးမှာ ရုံးတင်စစ်ဆေး ပြီး စွဲချက်တင်လိုက်ပြီးတရုတ်နိုင်ငံသား ၂၃ ဦးကို မြီမိသားစု ကျားဖြန့်ဂိုဏ်းအတွက် ငွေလိမ်ပေးခဲ့တဲ့အမှု လူသတ်မှု ၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ ငွေညှစ်မှု ၊လောင်းကစားမှု ၊ ပြည်တန်ဆာမှု ၊ မူးယစ်ဆေး သုံးစွဲရောင်းဝယ်မှု တွေ အပါအဝင် ရာဇဝတ်မှု ၁၁ မှုနဲ့ တရားရုံး က စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ သိရပါသည်။



