မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ကျားဖြန့်ဂိုဏ်းများနှင့် ဆက်စပ်ပြီး ကျေးရွာအထိ တိမ်းရှောင်နေထိုင်နေသည်ဟု ယူဆရသည့် နိုင်ငံခြားသား (၆)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိကြောင်း သိရသည်။အဆိုပါ နိုင်ငံခြားသား (၆)ဦးအပြင် သေနတ်မျိုးစုံ (၅)လက်၊ ကျည်မျိုးစုံအတောင့်(၂,၅၀၀)ကျော် အပါအဝင် မူးယစ်ဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား (၆၀၀)ကျော်၊ Happy Water (၄၀၀)ဂရမ်ဝန်းကျင်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁,၅၀၀)ကျော်လည်း တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။



