မိုဘိုင်းဖုန်းသုံးစွဲသူများထံMPT- 4Uမှဖေဖော်ဝါရီလSpecialပရိုမိုးရှင်း၁၀နှစ်ပြည့်အထိမ်းအမှတ်၌လူကြီးမင်း၏ဆင်းကဒ်တွင်ငွေသားဆယ်သိန်းဆုပေါက်သည်ဟုဆိုကာWave moneyတွင်လျို့ဝှက်နံပါတ်ဖြင့်ထုတ်ရမည်ဆိုပြီးကျားဖြန့်ငွေလိမ်ဂိုဏ်းကဖုန်းနံပါတ်(09884101945)(09893456441)များဖြင့်လိုက်လံလိမ်လည်နေကြောင်းသိရသည်။အဆိုပါမက်ဆေ့များသည်ညဖက်အချိန်မတော်တွင်ရောက်လာပြီးသူတို့ပေးထားသောဆက်သွယ်ရန်ဖုန်းကိုခေါ်ဆိုပါကအမည်၊နိုင်ငံသားအမှတ်၊မွေးသက္ကရာဇ်နှင့်k payကုတ်နံပါတ်၊ဘဏ်အကောင့်တို့တောင်းလေ့ရှိကြောင်းသိရသည်။အဆိုပါမက်ဆေ့များကိုဘဏ်ပိတ်ချိန်များဘဏ်ပိတ်ရက်များတွင်သာပို့လေ့ရှိပြီးလောဘကြီးကာသူတို့တောင်းသည်များပေးမိပါကမိမိတို့k payသို့မဟုတ်ဘဏ်အကောင့်ရှိငွေများကိုခိုးယူကြသဖြင့်အဆိုပါမက်ဆေ့များတွင်ဆက်သွယ်ရန်ဖုန်းနံပါတ်ပါလာပါကအဆိုပါဖုန်းနံပါတ်ကိုရဲတပ်ဖွဲ့သို့အမြန်ဆုံးတိုင်တန်းသင့်ကြောင်းသိရသည်။



