ဖူဆယ် အားကစားနည်း တိုးတက် မြင့်မားလာစေရန် နှင့် အရည်အသွေးပြည့်ဝသည့် နိုင်ငံတကာ အသိအမှတ်ပြု လိုင်စင်ရ ဖူဆယ် နည်းပြဆရာများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ AFC Futsal Coaching Certificate Coaching Course Level -1 ကို ၂၀၂၅ခုနှစ် မတ်လ (၂၆)ရက် မှ (၃၁)ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။တက်ရောက်လိုသော သင်တန်းသားများအနေဖြင့် အောက်တွင်ဖော်ပြထားသော Link မှတစ်ဆင့် Download ရယူကာ ပြည့်စုံစွာဖြည့်စွက်၍ (၂၈.၂.၂၀၂၅) ဗုဒ္ဓဟူးနေ့ ညနေ(၄)နာရီနောက်ဆုံးထားပြီး ပေးပို့လျှောက်ထား နိုင်ပါသည်။သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများသည် သင်တန်းဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် မြန်မာငွေကျပ်နှစ်သိန်းငါးသောင်း (၂၅၀,၀၀ဝိ/-)၊ နိုင်ငံခြား သားတစ်ဦးလျှင် အမေရိကန်ဒေါ်လာနှစ်ထောင်(USD 2000)ကို ပေးသွင်းရမည်ဖြစ် သည်။သင်တန်းလျှောက်လွှာကို ဖော်ပြပါ Link တွင် Download ရယူနိုင်သည်။Download ရယူရန် Link >>> https://www.mediafire.com/file/d7eiebownnq40hv/Application+Form+_AFC+Futsal+Level+1_YGN_updated.docx/file?fbclid=IwZXh0bgNhZW0CMTEAAR0xUA7EsK-PMweb8o-9A4t3VeWGbAVbI2aI_6aaR63KM367N7OVFGdYIDs_aem_zpvfMu3GSa2HGRJ6SEzh_w



