ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံထွက် ပြောင်းဆံတန်ချိန် ၂ သိန်းကို ဝယ်ယူရန် သဘောတူစာချုပ် (MOU) ကို ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ စာချုပ်တွင် မြန်မာဘက်မှ ကုမ္ပဏီ ၂၃ ခုနှင့် ထိုင်းဘက်မှ ၉ ခု ပါဝင်ကာ Business to Business (B to B) နည်းလမ်းဖြင့် အရောင်းအဝယ်ပြုလုပ်မည်ဖြစ်သည်။ ထိုင်းအပြီးတွင် တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်သို့လည်း ပြောင်းတင်ပို့သွားမည်ဖြစ်ပြီး တရုတ်နှင့် အိန္ဒိယကလည်း ဝယ်ယူရန် စိတ်ဝင်စားမှုပြနေကြောင်း သိရသည်။ လက်ရှိတွင် ကမ္ဘာ့ဈေးကွက်ရှိ ပြောင်းတစ်တန်ဈေးသည် အမေရိကန်ဒေါ်လာ ၄၉၈ ဖြစ်ပြီး ဘုရင်နောင်ကုန်စည်ဒိုင်တွင် တစ်ပိဿာ ၁၆၈၀ - ၁၇၀၀ ကျပ်ဖြင့် ရောင်းချနေသည်။



