မကွေးမြို့ရှိ ကွမ်းရွက်နှင့် ကွမ်းသီးဈေးကွက်တွင် ယခုနှစ် ဈေးနှုန်းများ မြင့်တက်နေကြောင်း၊ အရင်နှစ်ထက်ပိုမိုကြီးမြင့်နေသည်ကို ဒေသခံ ကွမ်းရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။အကောင်းဆုံးအမျိုးအစား ကွမ်းရွက်တစ်ပိဿာသည် မနှစ်က ကျပ် ၂၀,၀၀၀ ခန့်သာရှိသော်လည်း ယခုနှစ်တွင် ကျပ် ၂၀,၅၀၀ ဝန်းကျင်ထိ မြင့်တက်နေသည်။ အသင့်တင့်နှင့် အညံ့စား ကွမ်းရွက်များလည်း ကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ရှိလာသည်။ကွမ်းသီးဈေးကွက်တွင်လည်း မြင့်တက်မှုတွေ့ရပြီး မနှစ်က ကျပ် ၈,၀၀၀ ဝန်းကျင်သာရှိသည့် အကောင်းဆုံး ကွမ်းသီးတစ်ပိဿာသည် ယခုနှစ်တွင် ကျပ် ၂၀,၀၀၀ အထိ မြင့်တက်လာသည်။ဈေးနှုန်းမြင့်တက်မှုသည် ကွမ်းသီးနှင့် ကွမ်းရွက်ထွက်ရှိမှု နည်းပါးမှုကြောင့် ဖြစ်သည်ဟု မကွေးမြို့ရှိ ကွမ်းရောင်းချသူများက ဖော်ပြထားသည်။ သင်္ကြန်မတိုင်မီ အချိန်အထိ ဈေးကွက်သည် ယခုအခြေအနေတွင် တည်ငြိမ်နိုင်သည်ဟုလည်း သုံးသပ်ကြသည်။




