အီတလီသံရုံးက မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ယဉ်ကျေးမှု၊ အမွေအနှစ်နှင့် အနုပညာပြပွဲကြီးကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အီတလီသံရုံးသည် ဒို့အိမ်နှင့် Our Heritage Homes Myanmar တို့နှင့် ပူးပေါင်းပြီး အဆိုပါပြပွဲကို အင်းလျားမြိုင်လမ်းရှိ အီတလီသံရုံးတွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ ယဉ်ကျေးမှု၊ အမွေအနှစ်နှင့် အနုပညာကို ရှုထောင့်ပေါင်းစုံကနေ သက်ဝင်ခံစားနိုင်မည့် ပွဲအစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ‘Sense of Place’ စကားဝိုင်း၌ ဒို့အိမ်က ပါဝင်ကူးစက်ရန်လည်း သိရှိရသည်။



