၂၁.၂.၂၀၂၅ရက်နေ့ မနက် ၀၈:၄၇ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ သုစိတာ (၁၁) လမ်းရှိ ကျူတောတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ သတင်းရရှိသည့်အခါ မြောက်ဥက္ကလာပနှင့် ရွှေပေါက်ကံ မီးသတ်စခန်းများမှ မီးသတ်ယာဉ် (၃) စီးဖြင့် မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ပြီး မနက် ၀၈:၅၇ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။



