မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပြောင်းဆံများကို ယခုအချိန်တွင် ထိုင်းနိုင်ငံသို့သာ အားပြုတင်ပို့နေပြီး၊ ထိုင်းတစ်ခုတည်းမှ ဝယ်ယူနေသောကြောင့် ပြောင်းလုပ်ငန်းရှင်များ၊ စိုက်ပျိုးတောင်သူများနှင့် ကုန်သည်များက ဈေးနှုန်းကောင်းမရရှိဘဲ အခက်အခဲများကြုံနေရကြောင်း သိရသည်။ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက “ထိုင်းပေးတဲ့ ဈေးနောက်ကိုပဲ မှေးနေရတာ” ဟု ပြောကြားခဲ့ပါသည်။



