နာမည်ကျော် ဂန္တဝင် မြန်မာသံစဥ်အဆိုတော်ကြီး ဒေါ်ခင်ညွန့်ရည် က ဖေဖော်ဝါရီလ ၂၀ ရက် ည ၁၁ နာရီကျော်တွင် အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့သည်။သမီးဖြစ်သူ အဆိုတော် အိုပြည့်ရှင် ကပရိသတ်အား အသိပေးလျက် “အမေ (အညာသူကြီး) ၂၀.၂.၂၀၂၅ ည ၁၁:၅ မိနစ်မှာ သူချစ်တဲ့ အနုအညာ၊ သူချစ်တဲ့ ပရိတ်သတ်များကို ထာဝရစွန့်ခွာသွားပါပြီ” ဟု ရေးသားခဲ့ပါသည်။အဆိုတော်ကြီး ခင်ညွန့်ရည် သည် ဇန်နဝါရီလ ၃၀ ရက် မှာ အဆုတ်ကင်ဆာ အတောအတွင်း ဝေဒနာခံပြီး ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနတွင် ကုသမှုခံယူနေခဲ့ပါသည်။



