back

ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့် အသင်း ၄ သင်းကို ဂွာဒီယိုလာပြော

Feb 20 • 3:45 PM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့် အသင်း ၄ သင်းကို ဂွာဒီယိုလာပြော

ရီးရယ်လ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်စီးတီးအသင်း ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဂွာဒီယိုလာက ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့်အသင်း ၄ သင...

ရီးရယ်လ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်စီးတီးအသင်း ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဂွာဒီယိုလာက ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့်အသင်း ၄ သင်းကို ပြောခဲ့ပါတယ်။ဂွာဒီယိုလာက “ရီးရယ်လ်အသင်းက ဆုဖလား ရယူနိုင်ဖို့ ရေပန်းအစားဆုံးဆိုတာ သေချာပါတယ်။ ဒါပေမယ့် တခြားကောင်းမွန်တဲ့ အသင်းတွေလည်းရှိတာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ ချန်ပီယံလိဂ် ရာသီဖြစ်လာမှာ ပါ။ ချန်ပီယံလိဂ် ဆုဖလားနဲ့ပတ်သက်ရင် ရီးရယ်လ်အသင်းက အမြဲတမ်း ရေပန်းအစားဆုံးဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက အခုအချိန်ထိ အလွန်ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ထားပြီး ဘာစီလိုနာအသင်းရဲ့ စွမ်းဆောင်ရည်ကလည်း အံ့ဩစရာကောင်းပါတယ်။ ကျနော့် သူငယ်ချင်း အင်းနရစ် ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီ အသင်းကလည်း အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ရီးရယ်လ်အသင်းက ရေပန်းအစား ဆုံးပါ”လို့ ပြောခဲ့တာပါ။


news-view-count-icon

24