back

နွေရာသီမှာ အတ္တလန်တာကနေ လွတ်ခ်မန်း ထွက်ခွာဖွယ်ရှိ

Feb 20 • 1:05 PM

breaking-news

မြန်မာ

ပြည်ပ

cover

နွေရာသီမှာ အတ္တလန်တာကနေ လွတ်ခ်မန်း ထွက်ခွာဖွယ်ရှိ

အတ္တလန်တာအသင်း တိုက်စစ်မှူး လွတ်ခ်မန်းဟာ နည်းပြဂတ်စ်ပါရီနီနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် နွေရာသီမှာ စီးရီးအေကလပ်ကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ လွတ်ခ်မန်းဟာ ပြီး...

အတ္တလန်တာအသင်း တိုက်စစ်မှူး လွတ်ခ်မန်းဟာ နည်းပြဂတ်စ်ပါရီနီနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် နွေရာသီမှာ စီးရီးအေကလပ်ကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ရာသီက အတ္တလန်တာအသင်း ယူရိုပါလိဂ်ဖလား ရရှိအောင် ဟက်ထရစ် ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ကလပ်ဘရုဂျက်အသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့် နည်းပြရဲ့ဝေဖန်မှုကို ခံခဲ့ရတာပါ။ လွတ်ခ်မန်းဟာ ဒီပွဲမှာ လူစားလဲ ဝင်ရောက်လာပြီး အတ္တလန်တာအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် နည်းပြဂတ်စ်ပါရီနီက သူ့ကို အဆိုးရွားဆုံး ပင်နယ်တီ ကန်သွင်းသူတွေထဲက တစ်ဦးလို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။ 


news-view-count-icon

21