back

Apple Intelligence ပါသည့် iPhone 16e အသစ်မိတ်ဆက်

Feb 20 • 11:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

Apple Intelligence ပါသည့် iPhone 16e အသစ်မိတ်ဆက်

Apple Intelligence ပါ၀င်တဲ့ iPhone 16e အသစ်ကို Apple ကုမ္ပဏီက မိတ်ဆက်လိုက်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၉၉ ဝန်းကျင်ရှိပါတယ်။ iPhone 16e မှာ စွမ်းဆောင်ရည်မ...

Apple Intelligence ပါ၀င်တဲ့ iPhone 16e အသစ်ကို Apple ကုမ္ပဏီက မိတ်ဆက်လိုက်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၉၉ ဝန်းကျင်ရှိပါတယ်။ iPhone 16e မှာ စွမ်းဆောင်ရည်မြင့် A18 Chip ၊ Apple Intelligence ၊ ပိုမိုတာရှည်ခံ ဘက်ထရီနဲ့ 48MP 2-in-1 ကင်မရာစနစ်တို့ ပါဝင်ပါတယ်။ iPhone 16e ရဲ့ အားသာ ချက်ကတော့ ChatGPT အသုံးပြုဖို့အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ Apple Intelligence လုပ်ဆောင်ချက် အစုံပါဝင်သလို မိတ်ဆက်လာခဲ့တဲ့ iPhone တွေထဲမှာ ထူးခြားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဖုန်းတစ်လုံး ဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ သုံးလ ပတ်အတွင်းက ဈေးကွက်တွေမှာ iPhone ရောင်းအားတွေက ကျဆင်းခဲ့တာကြောင့် လက်ရှိမှာ ဈေးကွက်ဝေစုနဲ့ ရောင်းအားပြန်လည်မြှင့်တင်ဖို့အတွက် Apple Intelligence ပါ၀င်တဲ့ iPhone 16e အသစ်ကို မိတ်ဆက်လာတာ ဖြစ်ပါတယ်။


news-view-count-icon

26