back

တရုတ်နှင့်တောင်ကိုရီးယားတို့ ဟောင်ဝဇ္ဇာစျေးကွက်တွင် ယှဉ်ပြိုင်မှုမြင့်တက်

Feb 20 • 11:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နှင့်တောင်ကိုရီးယားတို့ ဟောင်ဝဇ္ဇာစျေးကွက်တွင် ယှဉ်ပြိုင်မှုမြင့်တက်

တရုတ်နှင့် တောင်ကိုရီးယားတို့အကြား တာဝေးပစ် ဟောင်ဝဇ္ဇာအမြောက်များ ရောင်းချမှုစျေးကွက်တွင် ပြိုင်ဆိုင်မှု မြင့်တက်နေသည်။ တရုတ်နှင့် တောင်ကိုရီးယားမှ ကာကွယ်ရေး ကန...

တရုတ်နှင့် တောင်ကိုရီးယားတို့အကြား တာဝေးပစ် ဟောင်ဝဇ္ဇာအမြောက်များ ရောင်းချမှုစျေးကွက်တွင် ပြိုင်ဆိုင်မှု မြင့်တက်နေသည်။ တရုတ်နှင့် တောင်ကိုရီးယားမှ ကာကွယ်ရေး ကန်ထရိုက်တာများသည် ယခုသီတင်းပတ်အတွင်း အဘူဒါဘီ (Abu Dhabi) တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာကာကွယ်ရေးပြပွဲ(IDEX)၌ ၎င်းတို့၏ နောက်ဆုံးပေါ် လက်နက်စနစ်များ ကို ပြသခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး လက်နက်ပြပွဲများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် IDEX ပြပွဲ၌ တရုတ်၏ Norinco ကာကွယ်ရေးကုမ္ပဏီက ၎င်းတို့၏ ၁၅၅ မမ SH16A ဟောင်ဝဇ္ဇာကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ တရုတ်က ပြသထားသည့် ဟောင်ဝဇ္ဇာအမြောက်နှင့် မီတာအနည်းငယ် အကွာတွင်မူ တောင်ကိုရီးယား၏ Hanwha Aerospace ကုမ္ပဏီကလည်း ၎င်းတို့၏ K9 Thunder ဟောင်ဝဇ္ဇာအမြောက်ကို ပြသခဲ့သည်။


news-view-count-icon

22