ယခုနှစ်အတွင်း မြန်မာနိုင်ငံသား ၅.၅ သန်းကို လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံလိုအပ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပုံမှန်မရချိန်မှာ လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။



