ထရမ့်အစိုးရရဲ့ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အမေရိကန် အယူခံတရားရုံးတစ်ရုံးက ကန့်သတ်ပိတ်ဆို့လိုက်ပါတယ်။ ဒီအတွက် အဲဒီအခွင့်အရေး ဆက်လက်ရှင်သန်ရေးဟာ တရားရုံးချုပ်မှာ ထိပ်တိုက်ရင်ဆိုင်ရမဲ့ အခြေအနေ ဆိုက်လာနေပါတယ်။အမှတ်(၉) ယူအက်စ် အယူခံတရားရုံးက ဗုဒ္ဓဟူးနေ့မှာ သမ္မတထရမ့်ရဲ့ သမ္မတအုပ်ချုပ်ရေးအမိန့်ကို ပိတ်ဆို့တား ဆီးတဲ့ ဆီယက်တဲလ် တရားသူကြီး အမိန့်ကို ဖယ်ရှား ပေးဖို့ အမေရိကန်တရားရေးဌာနက အရေးပေါ်ပန်ကြားလာချက်အပေါ်မှာ အယူခံတရားရုံးက ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ပြင်ဆင်ချက်မတိုင်ခင် ထုတ်ပြန်တဲ့ ဥပဒေတစ်ရပ် အရ အမေရိကန်မြေမှာ မွေးဖွားသူ ဘယ်သူ့ကိုမဆို သူတို့မိဘတွေရဲ့ လူဝင်မှုဆိုင်ရာ အဆင့်အတန်း ဘယ်လိုရှိရှိ နိုင်ငံသားဖြစ်ခွင့်ပေးအပ်ထားပါတယ်။ထရမ့်အစိုးရက အထောက်အထားမဲ့ ဒါမှမဟုတ် အမေရိကန်မှာ ယာယီဗီဇာနဲ့ တရားမဝင်ရှိနေတဲ့ လူတွေကနေ မွေးဖွားလာသူတွေကို အဲဒီအခွင့်အရေးပိုင်ဆိုင်ခွင့် အဆုံးသတ်ဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်းလည်း သိရပါတယ်။



