ဧရာဝတီမြစ်ရေသည် ယနေ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ မွန်းတည့် (၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် ၂၆၂ စင်တီမီတာသို့ ရောက်ရှိနေသည်။အဆိုပါမြစ်ရေသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယ (၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၃၆၀ စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။



