back

မြန်မာနိုင်ငံပြည်တွင်းတွင် သတ်မှတ်ထားတဲ့လုပ်ငန်းအမျိုးအစားအလိုက် အခွန်အမှတ်တံဆိပ်တွေ မဖြစ်မနေကပ်နှိပ်ခြင်းမပြုပါက အရေးယူခံရမည်

Feb 20 • 7:45 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံပြည်တွင်းတွင် သတ်မှတ်ထားတဲ့လုပ်ငန်းအမျိုးအစားအလိုက် အခွန်အမှတ်တံဆိပ်တွေ မဖြစ်မနေကပ်နှိပ်ခြင်းမပြုပါက အရေးယူခံရမည်

မြန်မာနိုင်ငံပြည်တွင်းတွင် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံတာမှာ သတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူတွေအနေနဲ့ အခွန်အမှတ်တံဆိပ်ကပ်နှိပ...

မြန်မာနိုင်ငံပြည်တွင်းတွင် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံတာမှာ သတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူတွေအနေနဲ့ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဖို့ ကို မဖြစ်မနေလုပ်ဆောင်ရမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကသိရပါတယ်။လုပ်ငန်းရှင်တွေအနေနဲ့အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဖို့ကျန်ခဲ့တယ်ဆိုရင် ၊ဒဏ်ကြေးငွေတွေပေးဆောင်ရမှာဖြစ်သလို ဝယ်ယူစားသုံးသူတွေအနေနဲ့လည်းပြေစာပေါ်မှာအခွန်အမှတ်တံဆိပ်ကပ်နှိပ်တာ မရှိရင်သတင်းပေးတိုင်ကြားသွားနိုင်တယ်လို့ဆိုပါတယ်။

သတ်မှတ်ချက်တွေနဲ့အညီအခွန်အမှတ်တံဆိပ်တွေ ကပ်နှိပ်ဖို့ပျက်ကွက်သူတွေအနေနဲ့အခွန်ရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေပေးဆောင်ဖို့သတ်မှတ်ထားတဲ့အပြင် ပျက်ကွက်မှုအကြိမ်အလိုက်၊ ပထမအကြိမ်ပျက်ကွက်တယ်ဆိုရင် ကျပ် ၁၀ သိန်း ၊ ဒုတိယအကြိမ်ပျက်ကွက်ရင် ကျပ်သိန်း ၂၀ ၊ တတိယအကြိမ်ပျက်ကွက်ရင် ကျပ် သိန်း ၃၀ ၊ တတိယ အကြိမ်အထက် ပျက်ကွက်ရင် ကျပ်သိန်း ၆၀ ကို ဒဏ်ကြေးငွေအဖြစ်ပေးဆောင်ရမှာဖြစ်ပါတယ်။



news-view-count-icon

22