back

မြန်မာနိုင်ငံ ပြည်တွင်းဆေးဆိုင်များမှ ဆေးစပ်ဝယ်သောက်မှုကြောင့် ဆေးယဉ်ပါးမှု အလားအလာများ မြင့်မားလာ

Feb 20 • 6:28 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ ပြည်တွင်းဆေးဆိုင်များမှ ဆေးစပ်ဝယ်သောက်မှုကြောင့် ဆေးယဉ်ပါးမှု အလားအလာများ မြင့်မားလာ

မြန်မာနိုင်ငံ ပြည်တွင်းဆေးဆိုင်များမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပဋိဇီဝဆေးဝါးများ ဝယ်ယူသုံးစွဲမှုကြောင့် ဆေးယဉ်ပါးမှုများ တွေ့လာရသည်ဟု ဆေးဘက်ဆိုင်ရာ ပညာရှင်များက ...

မြန်မာနိုင်ငံ ပြည်တွင်းဆေးဆိုင်များမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပဋိဇီဝဆေးဝါးများ ဝယ်ယူသုံးစွဲမှုကြောင့် ဆေးယဉ်ပါးမှုများ တွေ့လာရသည်ဟု ဆေးဘက်ဆိုင်ရာ ပညာရှင်များက သတိပေးကြသည်။“လူနာတချို့မှာ ဆေးမတိုးတော့ဘူး။ ဆေးပြောင်းစမ်းပြီးမှ သက်သာလာကြတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။ပဋိဇီဝဆေးယဉ်ပါးမှုသည် ဘက်တီးရီးယားပိုးများက ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိလာပြီး ဆေးမတိုးသော အခြေအနေဖြစ်သည်။ သာမန်ဖျားနာမှုများအတွက် ဆေးစပ်သောက်သုံးမှုများသည် ဆေးယဉ်ပါးမှုကို မြှင့်တင်စေနိုင်သည်။တစ်ကမ္ဘာလုံးတွင် ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် နှစ်စဉ် လူသန်းချီသေဆုံးနေရပြီး ၂၀၅၀ ခုနှစ်တွင် သေဆုံးမှုဦးရေ သိန်း ၁၀၀ ထိ မြင့်တက်နိုင်သည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၇-၂၀၂၂ အတွင်း ဆေးယဉ်ပါးမှု တိုက်ဖျက်ရေးစီမံကိန်းများ လုပ်ဆောင်ခဲ့ပြီး အသိပညာပေးမှုများ ဆက်လက် အားဖြည့်ရန် လိုအပ်နေသည်။

news-view-count-icon

24