ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ် ၂ နာရီခန့်အချိန်တွင်ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ယမုံနာ(၁)ရပ်ကွက် ဘုန်းကြီးကျောင်းရှေ့မှာလည်ပင်းလှီးဖြတ်ခံထားရတဲ့ဒဏ်ရာနဲ့ လဲကျနေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို လူမှုကူညီရေးအသင်းက လူနာရှင်ပြုလုပ်ပြီး ဆေးရုံတင်ပို့ပေးထားရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။အဆိုပါ အမျိုးသားအနီးမှာ လူမှုဖူလုံရေးကတ်တစ်ခုသာတွေ့ရပြီး၊ အမည် ချစ်သဲညီညီအောင်၊ ၂၀၀၁ ခုနှစ်ဖွား၊ မြန်မာ့မီးရထားဆိုတာကိုသာ သိရတယ်လို့ မြေပြင်အကူအညီပေးခဲ့တဲ့ အောင်ရဲသူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။


