ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ပြည်လမ်းတွင် ယာဥ်မတော်တဆဖြစ်ပွားခဲ့ရာ အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုခြင်းနှင့် ကြက်ခြေနီလူနာတင်ယာဉ် ကူညီနိုင်ရန်သွားရောက်ခဲ့ပါတယ်။အဆိုပါနေရာတွင် ထိခိုက်ဒဏ်ရာရသူအား ရှေးဦးပြုစု၍ အင်းစိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီခဲ့ပါတယ်။



