၂၀၂၅ ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွက် ရန်ကုန်မြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဈေးနှုန်းများ ပြောင်းလဲမှုရှိနေသည်။ ပိန္နဲသီးဈေးက တဖြည်းဖြည်းတက်လာပြီး အမွှာလေးမွှာ ၁,၀၀၀ ကျပ်၊ သီးကြီးတစ်လုံး ၃၀,၀၀၀-၄၀,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေသည်။ ထိုတင်၊ ဖရဲသီးများကတော့ ဈေးကျနေပြီး တစ်စိပ် ၁,၀၀၀ ကျပ်၊ အလုံးကြီးတစ်လုံး ၈,၀၀၀ ကျပ်နဲ့ရနိုင်သည်။စတော်ဘယ်ရီသီး ဈေးပေါလျက်ရှိကာ တစ်ဆယ်သား ၁,၅၀၀-၂,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေသော်လည်း ကျွဲကောသီးများ ဈေးတက်လာပြီး တစ်လုံး ၇,၀၀၀-၇,၅၀၀ ကျပ်သတ်မှတ်ထားသည်။ ပျားလိမ္မော်ဈေးက တည်ငြိမ်နေပြီး တစ်လုံး ၁,၀၀၀-၁,၂၀၀ ကျပ်ဖြင့် ရောင်းချပေးနေသည်။ပန်းသီးဈေးနှုန်းများသည် အမျိုးအစားအလိုက် ကွဲပြားကာ တစ်လုံး ၂,၅၀၀-၃,၅၀၀ ကျပ်ဖြင့် ရရှိနိုင်ပြီး စပျစ်သီးများသည် တစ်ဆယ်သား ၂,၀၀၀-၃,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေသည်။ ဈေးကွက်အနေဖြင့် သစ်သီးများမှာ အချို့ ဈေးကျနေသော်လည်း အချို့တွင် ဈေးတက်မှုတွေ့ရသည်။



