back

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ပေါ်တွင် တရုတ်လုပ်ငန်းအားလုံးနီးပါးရပ်တန့်

Feb 20 • 3:57 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ပေါ်တွင် တရုတ်လုပ်ငန်းအားလုံးနီးပါးရပ်တန့်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်က တရုတ်နိုင်ငံသားနှင့် ပတ်သက် ဆက်နွယ်သည့် လုပ်ငန်းအားလုံးနီးပါး ရပ်တန့်နေကြောင်း မ...

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်က တရုတ်နိုင်ငံသားနှင့် ပတ်သက် ဆက်နွယ်သည့် လုပ်ငန်းအားလုံးနီးပါး ရပ်တန့်နေကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။“မြို့ပေါ်မှာတော့ လောင်းကစားဝိုင်းတွေ ဘာတွေ မရှိတော့ဘူး။ တရုတ်တွေကလည်း ပြောင်းရွှေ့သွားကြပြီးတရုတ်တွေ ဖွင့်ထားတဲ့ ဆိုင်တွေကလည်း အကုန်ပိတ်ထားကြတယ်အနည်းအကျဉ်းကျန်နေတာတော့ရှိမယ်” ဟုမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။“အခုဆိုရင် စျေးသွားရင် တရုတ်တွေ မတွေ့ရတော့ဘူး။ အရင်ကဆိုရင် စျေးမှာ တရုတ်တွေကြီးပဲ။ စျေးသည်တွေလည်း ညည်းနေတယ်အခု(တရုတ်နိုင်ငံသားတွေ မရှိတော့) စျေးရောင်းမကောင်းတော့ဘူးတဲ့” ဘုရားသုံးဆူမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။“သိရသလောက်က ကျန်နေတဲ့ တရုတ်တွေကိုလည်း မြဝတီဘက်ပို့ဖို့ရှိတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတရုတ် ၆၀ လောက်ပို့ထားတာရှိတယ်။" ဟု တရုတ်နိုင်ငံသားများအခြေအနေကို လေ့လာစောင့်ကြည့်နေသည့် ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

news-view-count-icon

13