back

တက္ကသိုလ်ဝင် စာမေးပွဲလျှာက်လွှာ မဖြေခင်တရက်အလိုထိ လက်ခံမှာဖြစ်ပြီး စာရင်းသွင်းသူ အရင်နှစ်ထက် ပိုများ

Feb 20 • 3:40 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တက္ကသိုလ်ဝင် စာမေးပွဲလျှာက်လွှာ မဖြေခင်တရက်အလိုထိ လက်ခံမှာဖြစ်ပြီး စာရင်းသွင်းသူ အရင်နှစ်ထက် ပိုများ

မကြာမီကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူ ၂ သိန်းကျော်အထိရှိပြီး ဖြေဆိုခွင့်လျှောက်လွှာတွေကိုတော...

မကြာမီကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူ ၂ သိန်းကျော်အထိရှိပြီး ဖြေဆိုခွင့်လျှောက်လွှာတွေကိုတော့ စာမေးပွဲမဖြေခင်တရက်အလိုအထိ လက်ခံပေးသွားမယ်လို့မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကသိရပါတယ်။"မနက်ဖြန်ဖြေမယ်ဆိုရင် ဒီနေ့ညနေ ၄ နာရီအထိ ဖြေဆိုခွင့်လျှောက်လွှာကို လက်ခံပေးမှာပါ။အဓိက စာမေးပွဲဖြေဆိုဖို့ကြိုးစားနေတဲ့ကျောင်းသူကျောင်းသားအားလုံး နောက်ဆုံးရက်အထိကြိုးစားလို့ရအောင်ပါ။ခုနှစ် စာမေးပွဲဖြေဖို့လျှောက်လွှာတင်တာများတယ်။မနှစ်ကထက်ပိုတယ်။စနစ်သစ်နဲ့ဖြေတာ ဒီနှစ်နဲ့ဆိုနှစ်နှစ်ရှိပြီပေါ့။မနှစ်ကထက်တော့ မေးခွန်းတွေလေ့လာလို့ရတယ်ဆိုတော့ပြင်ဆင်ချိန်ကောင်းကောင်းရပါတယ်" လို့ အထက်တန်းပြကျောင်းဆရာမတယောက်ကပြောပါတယ်။၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတုန်းက စာမေးပွဲ ဖြေဆိုရန်စာရင်းပေးသွင်းခဲ့တဲ့ကျောင်းသားကျောင်းသူ ၁၄၅၂၀၀ ခန့် ရှိခဲ့ပြီး ဝင်ရောက်ဖြေဆိုခဲ့သူ ၁၂၀၀၀၀ ကျော်သာရှိခဲ့တာဖြစ်ပါတယ်။

news-view-count-icon

23