ယနေ့ဖေဖော်ဝါရီလ၂၀ရက် မနက်၃နာရီခွဲကျော်အချိန် ကချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက် ၈၆(ဘီ)လမ်း လမ်း၃၀နှင့်၃၁ လမ်း ကြားတွင် ငှားရမ်းဖွင့်လှစ်ထားတဲ့ ရမည်းသင်း မန္တလေးကားဂိတ်အတွင်းရှိ မိန်းခုံ ရှော့ဖြစ်ပြီ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ်(၆)လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
"အိမ်ကတော့၆လုံးလောင်သွားတယ်၊မီနီအိုးဝေ၁စီးမီးလောင်တဲ့အထဲပါသွားပြီးမီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မီးပေါ့စွာသုံးစွဲခဲ့တဲ့ ရမည်းသင်း မန္တလေးကားဂိတ် ဂိတ်မှူးဖြစ်သူ အမျိုးသားကိုချမ်းအေးသာစံမြို့နယ် အမှတ်(၆)နယ် မြေရဲစခန်းမှာ (ပ-၁၉/၂၀၂၅) ပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။


