ယခု၂၀၂၅ခုနှစ်အတွင်း တာရှည်အအေးဒဏ်ကြောင့် တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှု က မြင့်တက်နေတာဖြစ်ပြီး လက်ရှိမှာ တုပ်ကွေးဖြစ်ပွားသူဦးရေ ၁ သိန်း ကျော်သွားပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အအေးမိတုပ်ကွေးရောဂါ ဖြစ်ပွားမှုမြင့်တက်နေတာကြောင့် ကလေးတွေ အထူးသတိထားကြဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတိပေးလာပါတယ်။နိုင်ငံအတွင်း အအေးမိ တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း က ခန့်မှန်းထားတာထက်မြင့်တက်နေပြီး တုပ်ကွေးရောဂါဟာ နိုင်ငံတစ်ဝှမ်းမှာ ပြင်းထန်စွာ ပျံ့နှံ့နေတာကြောင့် စိုးရိမ်စရာအနေအထားတစ်ခုကို ရောက်ရှိနေကြောင်း Chulalongkorn University ဆေးပညာဌာနက ဒေါက်တာ Yong Poovorawan ကပြောကြားထားပါတယ်။တုပ်ကွေးရောဂါဟာ ကာလကြာရှည်စွာတည်ရှိနေတဲ့ ကပ်ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်သလို အဓိအားဖြင့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တုပ်ကွေးကြောင့် အသက် ၆၀ ကျော်အရွယ်တွေသေဆုံးမှုမြင့်မားသလို ရောဂါအရင်းခံရှိသူတွေလည်း သေဆုံးနိုင်ချေများပါတယ်။
ထိုင်းနိုင်ငံမှာ အအေးမိတုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်နေ၍ ကလေးငယ်များ အထူးသတိထားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနမှသတိပေးလာ
Feb 20 • 2:05 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


