ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းများကြီးမြင့်စွာ ရောင်းချမှု မဖြစ်ပေါ်စေရန် နေ့စဉ်ကွင်းဆင်း စစ်ဆေးလျှက်ရှိကြောင်း သတင်းထွက်သည်။ အဆိုပါစစ်ဆေးမှုတွင် မြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသောဆိုင်များကို တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို စစ်ဆေးအသိပညာပေးလျှက်ရှိကြောင်း သိရသည်။ ဆန်များသည် ဝါးတန်းကုန်စည်ဒိုင်မှ ဈေးနှုန်းများအတိုင်း ရောင်းချနေပြီး ဆန်သိုလှောင်မှုမရှိပဲ ပုံမှန်ဖြန့်ဖြူးရန် အားပေးခဲ့ကြောင်း သိရသည်။ ဈေးကစားရန် ဆန်သိုလှောင်မှုမပြုရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဈေးနှုန်းများအတိုင်း ရောင်းချရန် အထူးညွှန်ကြားခဲ့ပြီး ညွှန်ကြားချက်များအတိုင်း မလုပ်ဆောင်သောဆိုင်များအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။



