back

ရန်ကုန်မြို့တွင် တို့ဆေးဖြင့် ငွေကြေးများ ခိုးယူမှုများ တိုးလာ

Feb 20 • 1:51 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် တို့ဆေးဖြင့် ငွေကြေးများ ခိုးယူမှုများ တိုးလာ

ရန်ကုန်မြို့တွင် အဖိုးတန်ပစ္စည်းများနှင့် ငွေကြေးများကို တို့ဆေးသုံး၍ ခိုးယူသည့်ဖြစ်စဉ်များ မကြာသေးမီက တိုးလာသည်ဟု လူမှုကွန်ရက်များနှင့် ကိုယ်တိုင်ကြုံတွေ့သူမျာ...

ရန်ကုန်မြို့တွင် အဖိုးတန်ပစ္စည်းများနှင့် ငွေကြေးများကို တို့ဆေးသုံး၍ ခိုးယူသည့်ဖြစ်စဉ်များ မကြာသေးမီက တိုးလာသည်ဟု လူမှုကွန်ရက်များနှင့် ကိုယ်တိုင်ကြုံတွေ့သူများကဖော်ပြသည်။တိုက်မိသလို ခံစားရပြီး ခန္ဓာကိုယ်တွင် ချွန်ထက်သည့် အရာဖြင့် ထိုးခံရသည့် အမြင်များရှိကာ နောက်ဆုံးတွင် မူးဝေထုံထိုင်းမှုဖြစ်ပေါ်ကာ ငွေကြေးနှင့် ပစ္စည်းများ ဆုံးရှုံးကြရသည်။ အများဆုံး လိုင်းကားများ၊ လူသွားလာနည်းသည့်နေရာများနှင့် လူစည်ကားသည့်ဧရိယာများတွင် ဖြစ်ပေါ်လေ့ရှိသည်။ဆေးပညာရှင်များအဆိုအရ တို့ဆေးထိခြင်းဖြင့် အသိစိတ်ပြောင်းလဲမှု မဖြစ်နိုင်သော်လည်း လက်ရှိဖြစ်စဉ်များတွင် ချွန်ထက်သည့်အရာဖြင့် ထိုးခြင်း သို့မဟုတ် ခြစ်ခြင်းဖြင့် ဆေးထိုးသည့်ပုံစံများ တွေ့ရှိရသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်ထဲ သွားလာရာတွင် သတိထားရန်လိုကြောင်း သတိပေးထားသည်။


news-view-count-icon

24