မန်ယူအသင်းမှာ နည်းပြအမ်မိုရင်ရဲ့ခေတ်တစ်ခုကို တည်ဆောက်ဖို့အတွက် အချိန်ပေးရမှာဖြစ်တယ်လို့ မန်ယူ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ အမ်မိုရင်ဟာ မန်ယူ နည်းပြရာထူးကို နိုဝင်ဘာလမှာ ရယူခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ တည်ငြိမ်တဲ့အသင်းတစ်သင်းကို တည်ဆောက်ပြနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ လက်ရှိ မန်ယူအသင်းသားအများစုကလည်း နည်းပြအမ်မိုရင်ရဲ့ ၃-၄-၃ ကစားကွက်မှာ အဆင်ပြေဖို့အတွက် ခက်ခဲနေခဲ့ပြီး အသင်းကလည်း ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာပါ။ အမ်မိုရင်ရဲ့ ကစားကွက်နဲ့ လိုက်ဖက်မယ့် ကစားသမားတွေကို ဖြည့်တင်းနိုင်ဖို့အတွက် အသင်းအနေနဲ့ ကစားသမား အပြောင်းအရွှေ့ကာလ ၂ ခုကနေ ၃ ခုအထိ အချိန်ပေးဖို့ လိုအပ်လိမ့်မယ်လို့လည်း နဗီးလ်က ပြောသွားခဲ့ပါတယ်။



