အီရန်အမျိုးသား ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မက္ကဆီကိုနိုင်ငံ တီဟွာနာမြို့ရှိ လေ့ကျင့်ရေးစခန်းမှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၊ လော့ဆန်းဂျလိစ် နိုင်ငံတကာလေဆိပ်သို့ ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အီရန်အသင်းသည် အမေရိကန်နှင့် အီရန် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက် ကြေညာသည့်နေ့မှာပင် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး၊ တနင်္လာနေ့တွင် လော့ဆန်းဂျလိစ်ကွင်း၌ နယူးဇီလန်အသင်းနှင့် ကမ္ဘာ့ဖလား ပွဲဦးထွက်ပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် အီရန်ဘောလုံးအသင်း အမေရိကန်သို့ ရောက်ရှိ၊ နယူးဇီလန်နှင့် ပွဲဦးထွက် ကစားမည်
Jun 16 • 8:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 5 | 0 | 0 | 0 |


