မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် သုံးရက်အတွင်း ဆိုင်ကယ် လေးစီး ခိုးယူခံရ

Jun 15 • 3:00 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် သုံးရက်အတွင်း ဆိုင်ကယ် လေးစီး ခိုးယူခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇွန်လ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်အတွင်း ဆိုင်ကယ်လေးစီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ဆိုင်ကယ်ခိုးယူခံရသ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇွန်လ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်အတွင်း ဆိုင်ကယ်လေးစီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ဆိုင်ကယ်ခိုးယူခံရသည့်နေရာများမှာ မောင်ငံ၊ သီရီမြိုင်နှင့် သံလွင်ဈေးအနီးတို့ ဖြစ်သည်။ သံလွင်ဈေးရှေ့တွင် လူခဏရည်ရွယ်ဝင်ချိန်၌ ခိုးယူခံရခြင်းဖြစ်ပြီး၊ မောင်ငံနှင့် သီရီမြိုင်ရပ်ကွက်တို့တွင်မူ ညပိုင်းမိုးရွာနေချိန် အိမ်ထဲခဏဝင်ခိုက်နှင့် ညဘက်ရပ်ထားစဉ်အတွင်း ခိုးယူခံရခြင်း ဖြစ်သည်။လက်ရှိတွင် သူခိုးများမှာ အချိန်တိုအတွင်း လျှင်မြန်စွာ ခိုးယူနေကြသဖြင့် မြို့ခံများအနေဖြင့် မိမိတို့၏ ဆိုင်ကယ်နှင့် နေအိမ်များကို ကိုယ်တိုင်အထူးဂရုပြု စောင့်ရှောက်ကြရန် ဒေသခံများက တိုက်တွန်းထားသည်။

news-view-count-icon

7